တကယ် ချစ်တတ်သူတို့ရဲ့ ဆုံမှတ်က ဘာကြောင့် ဆူးခလုတ်တွေ ပြည့်သိပ်နေတတ်တာလဲ ………
နှစ်ယောက်အတူ ရင်ခုန်သံခြင်းပြိုင် ပြစ်လိုက်ချင်ပေမယ့် တို့နှစ်ယောက်က တတိုင်းတဖက်စီမှာလေ ………
ခွဲခွာနေရတဲ့ အချိန်တွေကို ငါ မုန်းတီးလှပြီ ချစ်သူရယ် ………
အလွမ်းတွေရဲ့ နှိပ်စက်ဒဏ်ကိုလဲ ခံနိုင်မယ့် အင်အား ငါ့မှာ ချိနဲ နေပါပြီဟာ ………
ရင်ဘက်ထဲက နာကျင်မှုတွေ ပျောက်ပြီး
အချစ်ရဲ့ အရသာကို ခံစားနိုင်ဖို့အတွက် အရာရာကို ကျော်ဖြတ်ပြီး နင့်ဆီ အပြေးလေးလှမ်းခဲ့ပါရစေတော့ ချစ်သူရယ် ………
နင် ခွင်ပြုပေးပါတော့နော် ချစ်သူ …………
No comments:
Post a Comment