Tuesday, March 25, 2014

သဇင်အတွက်အမှတ်တရ...♥♥♥



ချစ်သူ မျက်နှာလေးကို မြင်ချင်တာ

အသံလေးကို ကြားချင်တာ

ချစ်သူ့အကြောင်းတွေပဲ စဥ်းစားနေချင်တာ

ဒါတွေဟာ ချစ်ခြင်းရဲ့ အစလက္ခဏာတွေပေါ့နော်…


ချစ်သူ့အသံကို ကြားရရင်… ချစ်သူ့မျက်နှာလေးမြင်ရရင်… ချစ်သူ့အကြောင်းလေးတွေးမိရင်… ကိုကိုမျက်နှာက အလိုလိုပြုံးလာတတ်တာ…

ချစ်သူ့စကားဆို နားထောင်ချင်တာ… ချစ်သူပျော်နေရင် ကြည်နူးရတာ… ချစ်သူ့အပြစ်တွေဆိုရင်လည်း ချစ်စရာလို့ပဲမြင်နေမိတာ….

စောင့်ရတာ လုံး၀၀ါသနာမပါခဲ့ဘူး…
ခုတော့ ချစ်သူအနားနေရဖို့ကို စောင့်နေရပီ…

အိပ်တော့မယ်လို့ အိပ်ယာပေါ်ရောက်ရင် ပထမဆုံး………၊ နဖူးပေါ်လက်တင် ချစ်သူအကြောင်းစဉ်းစားမိတယ်…
ပြီးတော့မှ ချစ်သူကစောစောအိပ်ဖို့သတိပေးတာကို သတိရရင်း အိပ်ပျော်သွားဖြစ်တယ်…

ညဘက်ဆိုရင် ချစ်သူအကြောင်းစဉ်းစားရင်း အိပ်ပျော်တတ်သလို.. မနက်ရောက်ပြန်တော့ ချစ်သူရဲ့ မောနင်းဆိုတဲ့ Morning wish လေးမရရင် တစ်နေ့တာ လှုပ်ရှားဖို့အားမရှိသလိုပဲ….

ချစ်သူကိုအဲလောက်ထိချစ်တာပါ သဇင်ရယ်…

အချစ်က ရူးမိုက်မှုတစ်ခုဖြစ်ချင်ဖြစ်မယ်.. ဒါပေမယ့် လွဲမှားမှုတစ်ခုတော့ လုံးဝမဟုတ်ပါဘူး…ချစ်သူ... ချစ်သူကို ရူးမတက်ချစ်တယ် ။ ။



သီချင်းအေးအေးလေးတွေကို နားထောင်၊တိုးတိုးလေလးညည်းတွားရင်း၊ တို့နှစ်ယောက်တည်ဆောက်မဲ့ဘ၀အကြောင်းတွေ တွေး ပြီးတော့ ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားမိတဲ့ အကြောင်းတွေ ချစ်သူကိုဘယ်လိုများပြောပြရပါ့မလဲ
… တို့တူတူနေတဲ့ခါ ညအိပ်ယာဝင်ပုံပြင်လေးအဖြစ်ပြောပြရင် ချစ်သူကရယ်နေမှာလား ?

အချစ်အကြောင်း လေးတွေ ကြည့်မိ၊ ဖတ်မိ၊ နားထောင်မိတိုင်း ချစ်သူကို သတိရရင်း စီးမျှောခံစားမိတာကို ချစ်သူက ကျီစားစကားမဆိုလိုက်ပါနဲ့နော်……

အခုလို ရင်ထဲက ခံစားချက်တွေ လက်ချောင်းပေါ်မှာ စီးကူးရင်း စာထက်မှာအက္ခရာတင်မိတာ… နှုတ်တစ်ရာ စာတစ်လုံးမို့ စကားလုံးတွေလို လေထဲမှာ မပျောက်ဘဲ.. ချစ်သူနှလုံးသားမှာ ကိုကို့အချစ်တွေ မှတ်ကျောက်တင်နိုင်အောင်လို့ပါ ချစ်သူရယ်……

  ပေးခဲ့တဲ့ ကတိတွေနောက်မှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိတယ် ချစ်သူ. . .
  ပြောခဲ့တဲ့ စကားတွေနောက်မှာ လေးနက်တဲ့ အဓိပ္ပါယ်တွေရှိတယ် ချစ်သူ. . .
  ပေးခဲ့တဲ့ ဂရုစိုက်မှုတွေနောက်မှာ နူးညံ့တဲ့အကြင်နာတွေရှိတယ် ချစ်သူ. . .
  ကြည့်တဲ့ အကြည့်တွေနောက်မှာ ရင်ခုန်နေတဲ့ အတွေးလေးတွေရှိတယ် ချစ်သူ . .

အခုဆိုရင်တို့နှစ်ယောက်ဘ၀ကို ၇င်ဆိုင်ရတော့မယ် ချစ်သူရေ......
ဘာမှစိတ်မညစ်နဲ့ အားမငယ်နဲ့ ........တစ်ယောက်တည်းရင်ဆိုင်ရမှာမဟုတ်ဘူး...
ရှေ့မှာ ဒို့ အမြဲရှိနေမယ်....အမြဲရပ်တည်နေမယ်
ဘယ်တော့မှ လက်မလွတ်ဘူး............။
အသက်လောက်ချစ်တယ်…ချစ်သူ ။ ။

ဒီနေ့လေးမှာကြရောက်တဲ့ နေ့ရက်လေးမှသည်နောင်နှစ်ပေါင်းများစွာတိုင်

သဇင်ကို အလိုလိုက်မယ် ၊ ဂရုစိုက်မယ်၊ လိုချင်တာဖြည့်စည်းပေးမယ်၊

သဇင်မကြိုက်တာဘားမှမလုပ်သလိုသဇင်ပြောတာအကုန်နားထောင်မယ်

ဒို့တွက်ဘားမှမလိုအပ်သလို ဒို့နား သဇင်ရှိနေရင် အရာအားလုံးပြည့်စုံနေပါပီ

ချစ်သူ ... အများကြီးပေးဆပ်ထားခဲ့တဲ့ချစ်ခြင်းတစ်ခုမှာ

ဘာမှရယူပိုင်ဆိုင်လိုစိတ်မရှိခဲ့ပါဘူးချစ်သူရယ်

ချစ်ပါပြီဆိုကထဲက ချစ်သူရဲ့ခြေတော်ရင်းမှာပြားပြားဝပ်လို့

ခစားချင်တဲ့သူပါ ...

ဒို့ရဲ့အသက်ထက်ဆုံး အချစ်တွေနဲ့ သေဆုံးသွားသည့်တိုင်

ချစ်မြတ်နိုးနေဦးမှာပါ ချစ်သူ... ♥♥♥

No comments:

Post a Comment