Tuesday, March 25, 2014

အမှတ်တရနေ့ရက်လေးများ

ချစ်သူ.............

တစ်ခါတစ်လေ ချစ်သူ.............

တစ်ခါတစ်လေ ဒို့ဆိုးမိတဲ့ခါ နားလည်ပါ
ချစ်သူရဲ့ ယုယမှုကိုလိုချင်လို့ ဆိုးမိတာပါ...

ချစ်သူ........


တစ်ခါတစ်ရံ  ဒို့စကားပြန်မပြောတဲ့ခါ နားလည်ပေးပါ
ချစ်သူရဲ့ စိုးရိမ်တတ်မှုကို ကိုကို သိချင်လို့ပါ...

ချစ်သူ........

တစ်ခါတစ်ခါ  ဒို့ မေးခွန်းတွေ မေးတဲ့ခါ နားလည်ပါ
ချစ်သူကိုချစ်လွန်းလို့ သ၀န်တိုမိတာပါ...

တစ်ရံတစ်ခါ ဒို စိတ်စိုးမိတဲ့ခါ နားလည်ပါ
ချစ်သူကို စိုးရိမ်မှုများနေလို့ပါ...

ချစ်သူ ..............

တစ်ခါတစ်ခါ ဒို စိတ်တိုတဲ့ပုံလေးနဲ့ ပြန်ပြောတတ်တာ နားလည်ပါ
ချစ်သူကိုစွန့်လွှတ်ရမှာကြောက်လို့ပါ...


ချစ်သူ .........

တစ်ခါတစ်ရံ ဒို ကြေကွဲစွာ ပြောတတ်တဲ့ခါ နားလည်ပါ
ချစ်သူကို ဆုံးရှုံးမှာကြောက်လို့ပါ...

အများကြီးမမျှော်လင့်ပါဘူး ချစ်သူရယ်
ချစ်သူရဲ့ ဂရုစိုက်မှု နားလည်မှုလေးတွေနဲ့သစ္စာရှိတဲ့
ချစ်ခြင်းတွေသာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ကိုကို့ဘဝလေး
ပြည့်စုံနေပါပီ ချစ်သူ...

အများကြီးး ရယူဖို့ မကြိုးစားပါဘူး
ဒို့ စိတ်ညစ်တဲ့အချိန်တိုင်း ချစ်သူဖန်တီးပေးနိုင်တဲ့
ပျော်ရွှင်မှုလေးရယ်.....အားငယ်တဲ့အချိန်တိုင်း ချစ်သူရဲ့
အားပေးစကားလေးတွေနဲ့ကျော်ဖြတ်ခွင့်တွေရမယ်ဆို
ကျနပ်ပါတယ် ချစ်သူ ...

ဒို့တို့နှစ်ယောက် အဆိုးအကောင်းတွေ
အားလုံးကိုမျှဝေခံစားရင်းနဲ့ တစ်ဘဝလုံး ချစ်သူရဲ့လက်
ကိုတွဲပီး အတူတူရင်ဆိုင်သွားရင်း တို့နှစ်ယောက်ဘဝလေး ကုန်ဆုံး
သွားတဲ့အချိန်ထိ ချစ်သူအနားရှိခွင့်ရတယ်ဆိုဒို့တွက်အားလုံးပြည့်စုံနေပါပီချစ်သူ....

ဒီနေ့မှာကြရောက်တဲ့ နေ့ရက်လေးမှသည်နောင်နှစ်ပေါင်းများစွာတိုင်

သဇင်ကို အလိုလိုက်မယ် ၊ ဂရုစိုက်မယ်၊ လိုချင်တာဖြည့်စည်းပေးမယ်၊

သဇင်မကြိုက်တာဘားမှမလုပ်သလို သဇင်ပြောတာအကုန်နားထောင်မယ်

ဒို့တွက်ဘားမှမလိုအပ်သလို ဒို့နားသဇင်ရှိနေရင် အရာအားလုံးပြည့်စုံနေပါပီ

ဒီနေ့လေးအတွက်အမှတ်တရ ၁၅.၃.၂၀၁၄ ဒို့ချစ်တဲ့အချစ်တွေကအမြဲထာဝရပျော်ရွှင်မှုတွေပဲပေးနိုင်ပါစေလို့ဆုတောင်းပါတယ်ချစ်သူ
ဆိုးမိတဲ့ခါ နားလည်ပါ
ချစ်သူရဲ့ ယုယမှုကိုလိုချင်လို့ ဆိုးမိတာပါ...

No comments:

Post a Comment