အချက်အပြုတ်.........မောင့် အလုပ်။
အပြေးအလွှား.........မောင် ဈေးသွား။
အဖွတ်အလျှော်.....မောင် ပဲနော်။
ကလေးထိန်းကျောင်း...မောင်ပဲကောင်း။
ကျောင်းကြိုကျောင်းပို့.....မောင့်အဖို့။
ထင်းမီးသွေးဝယ်......မောင် ပဲကွယ်။
ဆန်ဆီရှာလဲ..မောင် ပါပဲ။
ဖျားနာပြုစု.....မောင် ပဲကု။
သို့သော်....သို့သော်.............................?
အင်္ကျီဝယ်ချုပ်.......မောင်မဟုတ်။
လက်ဝတ်ရတနာ......သဇင်အတွက်ပါ။
ဆလင်းဘတ်အသစ်.........သဇင်အတွက်ဖြစ်။
ဗိုလ်ချုပ်ဈေးသွား...မောင် မတား။
အလှပြင်ဆိုင်....သဇင်ပဲထိုင်။
သစ်ဆန်းအထည်....သဇင်ပဲဝယ်။
ဘာပဲပြောပြော.........သဇင် သဘော
သဇင်သဘော......။
No comments:
Post a Comment