ချစ်သူရေ …
ချစ်သူပေါ်မှာထားတဲ့ ကိုကို့မေတ္တာတွေက
ဘ၀တခုလုံးပုံကာ နောက်ဆုံးအချစ်တွေနဲ့ ချစ်မယ့်သူပါ ချစ်သူ…
မယုံကြည့်မှုတွေ ဘေးဖယ်ပြီ သေချာတဲ့အချစ်တခုနဲ့ အသက်ဆက်နေချင်တဲ့သူပါ ချစ်သူ ...
တောင်ပန်းခြင်းဆိုတာ အမှားတခုလုပ်မှ တောင်းပန်ရတာပါ
ချစ်သူ ကိုကိုကတော့ ဘာအမှားမှမလုပ်ပေမယ့်
တောင်ပန်းပါတယ် ကိုကို့အနားက ထွက်မသွားပါနဲ့
ဘယ်တော့မှ ဘယ်တော့မှ ထွက်မသွားပါနဲ့ ချစ်သူ…
အခုလိုချိန်လေးမှာ သဇင်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆိုရင် ကိုကိုအရမ်းပျော်
နေမိမှာ သိလား ချစ်သူ …
အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ကိုကိုတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ သဇင်ကို အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်…
ဟိုးအဝေးကြီးမှာ ကိုကိုသိပ်ချစ်ရတဲ့သဇင်လဲ ကိုကို့ကို
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ကိုကို မျှော်လင့်နေပါတယ် ချစ်သူ …
ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို တို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေနဲ့ပေါ့
ချစ်သူသာ ကိုကို့ဘ၀လေးထဲမှာရှိနေမယ်ဆို
ဘာမှမလိုအပ်ပါဘူး …နန်းရဲ့ အချစ်တွေအားလုံးကိုသာ
ပိုင်ဆိုင်ရတဲ့သူ ကိုကိုတစ်ယောက်တည်း ဖြစ်ချင်ပါတယ် …
ချစ်သူ..... ဒိုကို အမြဲတမ်းချစ်နေပေးမယ်ဆို
ဘာမှမမျှော်လင့်ပါဘူး..... သဇင်လဲ ဒို့အချစ်တွေနဲ့ အမြဲထာဝရ
ပျော်ရွင်နေပါစေလို့ ပဲ ဆုတောင်းပါတယ် …

No comments:
Post a Comment