Monday, March 3, 2014

စိုးစိတ်

တစ်ကယ်တော့် အချစ်ဆိုတာ
ရိုလာကိုစတာ စီးရသလိုပါပဲလား

ဘယ်သူမှ အတင်းအကြပ်

မစီးစေပါပဲ

တက်စီးဖြစ်သလို

ပြုတ်မကျလောက်ပါဘူး

တွေးထားပေမယ့်လဲ

ကြောက်နေတတ်ပြန်ရော

ကိုယ်ကိုင်ထားတဲ့ လက်တန်း

ခိုင်ခံမှုကိုလဲ ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလေ

ဟုတ်ပါတယ်


အချစ်ကို 
ဘယ်သူမှ ချစ်ပါ အတင်းအကြပ်မပြောပေမယ့်

ချစ်မိတတ်ကြပါတယ်

ကိုယ်ချစ်တဲ့ချစ်သူကလဲ 

ကိုယ့်ကိုပြန်ချစ်နေပါတယ်တွေးပေမယ့်

ကြောက်စိတ်တော့် ဖြစ်နေတတ်ပြန်ရော

ဘယ်လောက်ပဲ သစ္စာတွေရှိရှိ

တစ်ချိန်ချိန်မှာ တစ်ချို့ချို့ကြောင့်ဆိုပြီး

စိတ်ပူနေတတ်ပြန်ရော

ကိုယ်ချစ်တဲ့ချစ်သူက

ကိုယ့်ကို ဘယ်သောအချိန်ထိ ချစ်နေနိုင်ပါ့မလဲလို့

မဆုံးဖြတ်နိုင်ပါဘူးလေ

ဒါပေမယ့်

သေချာပါတယ်

နောက်ထပ်လဲ ရိုလာကိုစတာကို မစီးတော့်ဘူးလို့

ဘယ်တော့မှ မတွေးမှာကိုပေါ့




မောင့်ချစ်သူ

No comments:

Post a Comment