Sunday, March 30, 2014

ဝေးကြပြီ

ဖြူစင်တဲ့ အချစ်တွေကို မင်းလှည့်စာနေလား
ပုံပြင်လို မင်းစကားတွေက
ချိုမြိန်တဲ့ အဆိပ်တစ်ခွက်ပါပဲ့
လိုနေချိန် ပြုစားတဲ့ မင်းရဲ့ မာယာ
တွေကြား ငါ့ဘ၀ကို စတေး ခဲ့ပြီ
ဒီအတွက် ငိုနေလို့ ဘာမှထူးလာမှာမဟုတ်
အချိန်တွေနဲ့ ကုစားရင်း
 ငါ့ဘ၀ အဆုံးသတ်သွာမယ်

Tuesday, March 25, 2014

ချစ်သူနဲ့ပတ်သတ်၍ မိန်းကလေးများ စိတ်ဆင်းရဲရသော အခိုက်အတန်

ချစ်သူနဲ့ပတ်သတ်၍ မိန်းကလေးများ စိတ်ဆင်းရဲရသော အခိုက်အတန်




(၁) သူမကောင်လေးကို တခြားကောင်မလေးတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောနေတာ တွေ့လိုက်တဲ့အချိန်

(၂) သူမကောင်လေးဆီက message reply ပြန်မလာတဲ့အချိန် နောက်ကျတဲ့အချိန်

(၃) သူမကိုတွေ့ပေမယ့် တခြားသူတွေကို အရင်နှုတ်ဆက်တဲ့အချိန်

နှလုံးသွေးတွေကတဲ့ ည



အမှောင်တွေ ကြီးစိုးလို့
တိတ်ဆိတ်ခြင်းက အရောင်လက်တဲ့ ည
အဲဒီညကပေါ့ ….

ချစ်သူရယ်
အံ့သြလွန်းစွာ ငါချစ်တတ်ခဲ့တော့
အဖြေရှာမရတဲ့ နင့်အပြုံးမှာ
ငါကျဆုံးခဲ့ရတယ် ..
နောက်ပြီး
အနာဂတ်မဲ့အခန်းကျဉ်းထဲမှာ
အသည်းကွဲခြင်းတွေကို ဖျော်ရည်တခွက်လို
ငါရူးသွပ်စွာ သောက်သုံးနေမိပြန်တယ်
လှည့်စားသူ မင်းနှလုံးသားလိုတော့
ဘယ်လတ်ဆတ်နိုင်ပါ့မလဲလေ

မင်းနာမည်ကို ရေရွတ်ရင်း
တိတ်တိတ်လေး ငါညည်းမိသေးတယ် ….
လွမ်းရက်တွေရယ် ရှည်လိုက်တာ ….
နာကျည်းစွာတစ်ယောက်တည်း
အဖော်မဲ့နေတာ
ဒါတွေ မင်းမှ မြင်နိုင်ပါရဲ့လား
ရင်ဘတ်တစ်ခုလုံးအစပျောက်တော့မှ
ငါ့အသည်းကို ပြန်သနားမိတယ်
ပိုင်ရှင်မရှိဘဲ သူနေခဲ့ရတာ ဘယ်လောက်ကြာပြီလဲ

မင်းရယ်
ငါရယ်
ငါတို့နှစ်ယောက်အတူ ..
ဒါတွေက …. ငါမက်ခဲ့တဲ့
အိမ်မက် တပိုင်းတစတွေ
စိတ်ကူးချိုချိုနဲ့မျှော်လင့်ချက်တွေ
အားလုံးကိုဖျက်ဆီး
နင်အောင်ပွဲခံခဲ့တာ ..
နှလုံးသွေးတွေ ခုန်ပေါက်မြူးတူးနေတဲ့
အဲဒီညကပဲပေါ့

သဇင်အတွက်အမှတ်တရနေ့စွဲလေးတခုပေါ့





အဲ့ဒီနေ့ကပေါ့....

ချစ်သူကိုကြည့်လိုက်ရင် ချစ်သူရဲ့အမှုအယာတွေက အမြဲတမ်း တည်ငြိမ်အေးချမ်းနေတာပဲ…

ချစ်သူကိုစတွေ့တဲ့နေ့က နွေနံနက်ခင်းလေးဆိုပေမယ့် ချိုသာတဲ့ လေပြေ နုနုလေးတွေက

စိုးရွံစိတ်



ရင်ထဲထိရောက်အောင် နှစ်သက်မိတဲ့အခါ
အမှတ်တမဲ့လေးတွေကို ...အမှတ်တရ အဖြစ်သိမ်းဆည်းထားမိတယ်..။

နှလုံးသားထဲထိရောက်အောင် မြတ်နိုးမိတဲ့အခါ
အပြုအမှူလေးတွေကအစ...ဂရုတစိုတ် အမြဲစောင့်ကြည့်နေမိတယ်..။

စိတ်ကူးထဲအမြဲ တမ်းတလွန်းတဲ့အခါ
ညညမက်တဲ့ အိမ်မက်တွေထဲ ...ချစ်သူကစိုးမိုးနိုင်လွန်းတယ်..။

အသဲနင့်အောင် ချစ်မိသွားတဲ့အခါ
ချစ်သူနဲ့ ဝေးမှာ အရမ်း အရမ်းစိုးရွံနေမိတော့တယ် ။ ။

ကိုကိုဆုတောင်းနေပါတယ်......♥♥♥




တစ်ခြားချစ်သူတွေ ကိုယ့်ရှေ့ မှာ ဂရုစိုက်ပေးနေတာတွေကို
မြင်လိုက်ရတဲ့ အချိန်တိုင်း ချစ်သူလေးသာ အနားမှာရှိရင်ဆိုပီး
သတိရနေမိတဲ့ စိတ်............

တစ်ခါတလေ ပင်ပန်းတယ်လို့ ခံစားရတဲ့ အချိန်တိုင်း
ချစ်သူလေးရဲ့ အသံလေးကြားခွင့်ရမယ်ဆိုရင် ဘယ်လောက်များ
ကောင်းလိုက်မလဲဆိုတဲ့ အတွေး...........

ပျော်ရွှင်စရာတွေရှိလာတဲ့ အချိန်တိုင်း ချစ်သူလေးနဲ့ သာဆိုရင်
ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲလို့  တမ်းတနေမိတဲ့
ကိုကို့ရဲ့ စိတ်ကူး..............

တစ်ခါတလေတော့လဲ..... ကိုယ်ချစ်တဲ့သူနဲ့ အနေဝေးနေရတဲ့
ခံစားချက်က ဘာနဲ့ မှမတူအောင် ၀မ်းနည်းမှုတွေလဲ ခံစားရစေတယ်
ချစ်သူရယ်...................

အတူတူ ဆုံနိုင်ခွင့်ရမဲ့ နေ့ ရက်လေး အမြန်ဆုံးရောက်ရပါစေလို့ 
ကိုကိုဆုတောင်းနေပါတယ်......♥♥♥

၂၆.၃.၂၀၁၄ အမှတ်တရ



ချစ်သူရေ …

ချစ်သူပေါ်မှာထားတဲ့ ကိုကို့မေတ္တာတွေက
ဘ၀တခုလုံးပုံကာ နောက်ဆုံးအချစ်တွေနဲ့ ချစ်မယ့်သူပါ ချစ်သူ…

မယုံကြည့်မှုတွေ ဘေးဖယ်ပြီ သေချာတဲ့အချစ်တခုနဲ့ အသက်ဆက်နေချင်တဲ့သူပါ ချစ်သူ ...

တောင်ပန်းခြင်းဆိုတာ အမှားတခုလုပ်မှ တောင်းပန်ရတာပါ
ချစ်သူ ကိုကိုကတော့ ဘာအမှားမှမလုပ်ပေမယ့်

အတူလက်တွဲသွားကြမယ်နော်...♥♥♥သဇင်





အမှတ်တရဆိုတဲ့ နေ့ရက်လေးတွေတိုင်း

ချစ်သူအနားမှာ အတူတူရှိနေမပေးနိုင်ပဲ

ချစ်သူနဲ့ အဝေးကြီးမှာ ရှိနေခွင့်ရတဲ့အတွက်

ဝမ်းမနည်းပါနဲ့ ချစ်သူရယ်...

ချစ်သူအပေါ်မှာ အရာရာထက်ပိုတဲ့

စောင့်မျှော်နေသူ...♥♥♥




ချစ်သူ
မိုင်တွေ ဘယ်လောက်ပဲဝေးကွာနေပါစေ
ချစ်သူသာ ကိုကို့ရင်ထဲမှာရှိနေတယ်ဆိုတဲ့စိတ်လေးနဲ့
အရာရာကိုကျေနပ်နေပါပြီ ချစ်သူ...

တစ်ချိန်ချိန်မှာတော့ တို့နှစ်ယောက်နီးစပ်ရမယ်ဆိုတဲ့
ခံစားချက်နဲ့ အနေဝေးနေတဲ့ တို့နှစ်ယောက် အတွက်
အင်းအားတွေ ဖြစ်နေပါနော် ...ချစ်သူ...

သဇင်အတွက်အမှတ်တရ...♥♥♥



ချစ်သူ မျက်နှာလေးကို မြင်ချင်တာ

အသံလေးကို ကြားချင်တာ

ချစ်သူ့အကြောင်းတွေပဲ စဥ်းစားနေချင်တာ

ဒါတွေဟာ ချစ်ခြင်းရဲ့ အစလက္ခဏာတွေပေါ့နော်…

စိတ်ကူးလေး



ချစ်နေခွင့်ရှိနေတာပဲ..လွမ်းနေခွင့်ရှိနေတာပဲ....တမ်းတနေခွင့်လေးရှိနေတာပဲ..
စိတ်ပူပေးခွင့်လည်းရှိနေတာပဲ.....စိတ်ကူးလေးနဲ့  ချစ်သူ့ အနားနေခွင့်လေးရှိနေတာပဲလေ..
ဘ၀ဆိုတာ တိုတိုလေးပါချစ်သူရယ်...။ အဲဒီတိုတောင်းလှတဲ့ဘ၀လေးမှာ... ချစ်သူအနား အမြဲတမ်းနေသွားပါရစေ... ။ ။ -_-  — feeling bored

နွေကုန်...မိုးကူး




တစ်ရက်ကုန်သွားပြန်ပြီ

နောက်တစ်လ.....ရောက်လာပြန်ပြီး

နောက်တစ်နှစ်ထဲ....၀င်လာပြန်ပြီး

နောက်ထပ် အပြုံးတစ်ခုကို ....ဖန်ဆင်းရပြန်ပြီး

နောက်ထပ် မျက်ရည်မိုးတွေ......ရွာနေပြန်ပြီး

ဒီလိုနဲ့ ....နွေကုန်....မိုးကူး.....နေ့ ရက်လေးတွေလဲပြောင်းပြန်ပြီး ချစ်သူ ။

ကျေးဇူးပြုပြီး ကိုကိုတို့နှစ်ယောက်အတွက် နောက်မကျပါနဲ့ သဇင် ……



နောက်ကျခြင်းက ဘယ်အရာအတွက်မှမကောင်းဘူးမဟုတ်လား ။

အချိန်ဆိုတာ အလကားရတဲ့အရာ ဆိုပေမဲ့ တန်းဖိုးသက်မှတ်လို့မရဘူး

အချိန်ဆိုတာ သုံးစွဲခွင့်ရှိတဲ့အရာ ဆိုပေမဲ့ ပိုင်ဆိုင်ခွင့်မရဘူး

အချိန်ဆိုတာ တစ်ခါဆုံးရှုံးသွားရင် ဘယ်တော့မှအစားပြန်မရဘူး

ချစ်သူ နှစ်ယောက် တွေဆုံဖို့ချိန်းဆိုတဲ့ အချိန်က ဘယ်တော့မှအစားပြန်ရလာမှာမဟုတ်ဘူး...

ချစ်သူ နှစ်ယောက် ရဲ့ တွေ့ဆုံခြင်းက သူတို့ရဲ့မနက်ဖြန်တွေအတွက် အားအင်သစ်တွေ မွေးဖွားပေးတယ် ။ ဘဝအမောတွေကို ချွေးသိမ့်စေတယ် ။

တစ်လောကလုံးပြုံးတဲ့အပြုံးထက် ချစ်သူ နှစ်ယောက် ရဲ့ တွေ့ဆုံချိန် အပြုံးကအဆတစ်ထောင်မက ငြိမ်းချမ်းတယ် ကြည်နူးဖို့ကောင်းတယ် ။

ဘယ်လက်နက် ဘယ်အင်အား နဲ့မှ ခြိမ်းခြောက် သိမ်းယူ လို့မရဘူး ။ ဘယ်အရာနဲ့မှလည်း ပေးဝယ်လို့မရဘူး ။

ဒါကြောင့် ကိုကိုတို့နှစ်ယောက်ရဲ့ တွေ့ဆုံချိန်လေးကို အတတ်နိုင်ဆုံး တန်ဖိုးထားကြရအောင် ချစ်သူ ။

စာနာကြည့်ပေးပါ ။ တွေးကြည့်ပေးပါ ။

ကိုကိုက စောင့်ဆိုင်းနေရလို့ စိတ်ပင်ပန်းရ သလို

အမောအပန်းနဲ့ ကိုကို့ဆီ အပြေးလာနေရမဲ့ ချစ်သူလည်း ပင်ပန်း နေလိမ့်မယ်လို့တွေးမိပါတယ်။

သက်ပြင်းတစ်ခါ ချရင် အသက်တစ်ရက်တိုသတဲ့ အဲဒီစကားအတိုင်းသာဆို ချစ်သူကို စောင့်ရင်း ချလိုက်ရတဲ့သက်ပြင်းတွေ ကြောင့် ကိုကိုသက်စိုးတောင် ရှည်မယ်မထင်ဘူးနော် ။

ကိုကို့မှာ စောင့်ဆိုင်းစရာ စောင့်မျှော်စရာ ချစ်သူတစ်ယောက်ရှိနေတဲ့ အတွက် ကိုကိုတကယ်ကျေနပ် ပျော်ရွှင်မိပါတယ် ။ ချစ်သူပြန်လာရတော့မယ်ဆိုတာနဲ့တင် ကိုကိုအတွက်အားလုံပြည့်စုံ ကြည်နူးမိပါတယ် ။

ဒါပေမဲ့ ကိုကို စောင့်ဆိုင်းခြင်းမှာ နေသားမကျချင်ဘူး ချစ်သူ ။

ပြီးတော့ ချစ်သူကို စိတ် လေးနဲ့တောင် ငြိုငြင် အပြစ်မတင်ချင်ဘူး ။ အပြစ်မတင်ရက်ပါဘူး ။

ကိုကိုစောင့်မျှော်နေလိမ့်မယ် ဆိုတဲ့ အသိလေးနဲ့ ကိုကို ဆီကို အချိန်မှီ အရောက်လာပေးပါ ။

ကိုကို စောင့်နေပေါ့မယ်

ကျေးဇူးပြုပြီး ကိုကိုတို့နှစ်ယောက်အတွက်
နောက်မကျပါနဲ့ ချစ်သူ …………… — feeling bored ကိုကို စောင့်နေပေါ့မယ်...

မမေ့နိုင်တဲ့ နေ့စွဲလေးတွေ



ဘ၀တစ်သက်တာအတွက် ထာဝရ လက်တွဲသွားဖို့ အဖေါ်မွန်ဆိုတာလိုတယ်လေ...

လောကဓံနဲ့ရင်ဆိုင်ရတဲ့အခါ တို့နှစ်ယောက်လက်တွေ ကိုခိုင်ခိုင်တွဲ လို့အေးအတူ ပူအမျှ ရင်ဆိုင်ကြမယ်လေနော်...

လျှောက်လှမ်းရမဲ့ချစ်ခရီးလမ်းမှာ စိတ်တူကိုယ်တူ ကြည်ဖြုစွာ ချစ်ခွင့်ရတဲ့ချစ်သူကို ပိုင်ဆိုင်ရလို့ အရမ်းကျေနပ်မိပါတယ်ချစ်သူ...

အမှတ်တရနေ့ရက်လေးများ

ချစ်သူ.............

တစ်ခါတစ်လေ ချစ်သူ.............

တစ်ခါတစ်လေ ဒို့ဆိုးမိတဲ့ခါ နားလည်ပါ
ချစ်သူရဲ့ ယုယမှုကိုလိုချင်လို့ ဆိုးမိတာပါ...

ချစ်သူ........

၁၅.၃.၂၀၁၄ မောင်းမကန်အမှတ်တရ

ဒို့ချစ်ရတဲ့သဇင်ကို အမြဲစိတ်ချမ်းသာ
အောင်ထားချင်တယ်....

အကွာဝေးမတူပေမဲ့ အမြဲသစ္စာရှိနေခဲ့တယ်...

ဒို့ချစ်ရတဲ့သဇင်ရဲ့စိတ်ကိုအရှည်ကြီး
ပြောပြနေစရာမလိုပဲ နားလည်နေတတ်တယ်...

Friday, March 14, 2014

(ကိုယ်တကယ်ချစ်တဲ့လူနဲ့မတွေ့ချင်အထိပေါ့).

ယောကျာင်္းလေးတစ်ယောက်က ကိုယ်တကယ်
ချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့အရှေ့မှာ
မားမာမတ်မတ်ရပ်တည်ပေးတတ်ကြပါတယ်...

မိန်းကလေးတစ်ယောက်က ကိုယ်တကယ်ချစ်တဲ့
ယောကျာင်္းလေးတစ်ယောက်အတွက်တိုရင် အရာ
အားလုံးပေးဆပ်ဖို့အတွက်ဝန်မလေးတတ်ကြပါဘူး...

ယောကျာင်္းလေးတစ်ယောက်က ကိုယ်တကယ်
ချစ်တဲ့မိန်းကလေးတစ်ယောက်ကို ထာဝရပိုင်ဆိုင်
နိုင်ဖို့အတွက် ကြိုးစားတတ်ကြပါတယ်...

မိန်းကလေးတစ်ယောက်က ကိုယ်တကယ်ချစ်ရတဲ့
ယောကျာင်္းလေးတစ်ယောက်အတွက် တစ်ဘ၀လုံး
အတွက် သစ္စာရှိပေးနေတတ်ကြပါတယ်...

ယောကျာင်္းလေးတစ်ယောက်ကအသဲကွဲတဲ့အခါ
အချစ်နဲ့ပြန်ကုစားတတ်ကြပါတယ်...

မိန်းကလေးတွေက အသဲကွဲပြီးတော့ခံစားမှုလေးတွေ
များလာတဲ့အခါ တည်ငြိမ်မှုလေးတွေနဲ့အချစ်ကို
လစ်လျူရူချင်တတ်ကြလာတယ်...
(ကိုယ်တကယ်ချစ်တဲ့လူနဲ့မတွေ့ချင်အထိပေါ့)...

တန်ဖိုး

ပျင်းနေတဲ့အချိန် သတိရပါတယ်ဆိုတဲ့စကားထက်
အလုပ်တွေရှုပ်နေတာတောင် သင်ဘယ်ရောက်နေလဲ
မေးတဲ့စကားက ပိုတန်ဖိုးရှိတယ်

ဘယ်သူမှအနားမှာမရှိလို့ ကိုယ့်ကိုလိုအပ်နေတာထက်
ရှိတဲ့လူတွေထဲက ကိုယ့်ကိုပဲရှာဖွေနေတာပိုကောင်းတယ်

ရွေးခြယ်စရာမရှိလို့ ကိုယ့်လက်ကိုတွဲထားတာထက်
ရွေးခြယ်စရာအများကြီးထဲက ကိုယ့်လက်ကိုဆွဲပြီးထွက်လာတာ ပိုအရသာရှိပါတယ်

သဇင်ကျေနပ်အောင်

နင် ငါ့ကို ဘယ်လောက်ချစ်လဲ မ မေးဘူးဟစိတ်ချ
နင် အရမ်းချစ်အောင် ပဲ ငါက နေပြမှာ ..

နင့်ကိုငါ ဘယ်လောက်လွမ်းလဲ မ မေးဘူး စိတ်ချ
နင် နဲ့ နီးရဖို့ကိုပဲ ငါကြိုးစားမှာ .,

နင့်ကိုငါ မခွဲ နိုင် ဘူးလို့ မ ပြော ဘူး စိတ်ချ
နင် ငါ့ကို မချစ်တော့ ဘူး ဆိုရင် ငါ ထွက်သွား ပေး မှာ ...

ငါ့အတ္တကို နင့်ပျော်ရွှင် မှုနဲ့ ဘယ်တော့မှ လဲမယူဘူး စိတ်ချ
နင် မ ပျော်ရွှင် ရင် ငါပဲ ရင် ကျိုး ရ မှာ ...

တကယ်တော့ အချစ်ဆိုတာ
ကိုယ် ချစ် တဲ့သူကို စိတ်ချမ်းသာစေချင် တဲ့ ဆန္ဒလေး တခုက အဓိက မဟုတ်လား ...
ငါနာကျင်နေရ ရင်တောင် ငါ နင့် ကို ဆက် ချစ် နေ ချင် သေး တယ် ဟာာ ....

နင့် ကမ္ဘာအဝေးက ငါ့ ကဗျာ#


ဖျက်ဆီးပါ

နင်ပေခဲ့ တဲ့  အိမ်မက်တွေပဲ

နင်ဖျက်ဆီးလို့  ရတာပေါ့ .......


စွန့် ပြစ်ပါ

နင်အပိုင်ရခဲ့ တဲ့  ပန်းတစ်ပွင့် ပဲ

နင်စွန့် ပြစ်လို့  ရတာပေါ့ ........


ရက်စက်ပါ

နင်သိမ်းပိုက်နိုင်ခဲ့ တဲ့  နယ်မြေတစ်ခုပဲ

နင်ရက်စက်လို့  ရတာပေါ့ ........


ထွက်သွားပါ

ငါမရှိတဲ့ ကမ္ဘာကို နင့် စိတ်နဲ့ နင့် ကိုယ်ပဲ

နင်ထွက်သွားလို့  ရတာပေါ့ ...

နင်ရှိတဲ့ ကမ္ဘာမှာ ငါမရှိပေမယ့် 

ငါရှိတဲ့ ကမ္ဘာမှာ နင်ရှိနေမှာပါ....။

ငါရေးတဲ့ ကဗျာတွေမှာ နင်ရှင်သန်နေမှာပါ..............။

နင် ခွင်ပြုပေးပါတော့နော်

တကယ် ချစ်တတ်သူတို့ရဲ့ ဆုံမှတ်က ဘာကြောင့် ဆူးခလုတ်တွေ ပြည့်သိပ်နေတတ်တာလဲ ………

နှစ်ယောက်အတူ ရင်ခုန်သံခြင်းပြိုင် ပြစ်လိုက်ချင်ပေမယ့် တို့နှစ်ယောက်က တတိုင်းတဖက်စီမှာလေ ………

ခွဲခွာနေရတဲ့ အချိန်တွေကို ငါ မုန်းတီးလှပြီ ချစ်သူရယ် ………
အလွမ်းတွေရဲ့ နှိပ်စက်ဒဏ်ကိုလဲ ခံနိုင်မယ့် အင်အား ငါ့မှာ ချိနဲ နေပါပြီဟာ ………

ရင်ဘက်ထဲက နာကျင်မှုတွေ ပျောက်ပြီး
အချစ်ရဲ့ အရသာကို ခံစားနိုင်ဖို့အတွက် အရာရာကို ကျော်ဖြတ်ပြီး နင့်ဆီ အပြေးလေးလှမ်းခဲ့ပါရစေတော့ ချစ်သူရယ် ………

နင် ခွင်ပြုပေးပါတော့နော် ချစ်သူ …………

ငါကျေနပ်စွာချစ်ပြပြီးသား

သူကငါ့ကိုမေ့လိုက်တဲ့ကွာ
နာရမှာလားငါ့အသဲကမေး
ခပ်ရေးရေးလေးပြန်မေးမယ်
နင်ပျော်ခဲ့ပါသလားချစ်သူ
နင်ပျော်မယ်ဆိုငါ့မျက်ရည်နဲ့
နင်ခြေဆေးကာနင်းထွက်သွားလိုက်ပါ

ငါမလွမ်းဘူး……အထီးကျန်နည်းနည်းဆန်မယ်။

ငါမငိုဘူး……မျက်ရည်တော့လွယ်မယ်။

ငါမတွေးဘူး……နင့်အကြောင်း
ကဗျာတွေရေးနေရလို့ပါ။

ငါမတမ်းတဘူး……နင့်ကိုတော့သတိရနေပါ့မယ်။

ငါမခေါ်ပါဘူးနော်……ငါကိုပြုံးပြခွင့်တော့ပေးနော်။

ငါဆုတွေမခြွေတော့ပါဘူး
နင်အတွက်ကပြည့်ပြီးသားမို့…။

ငါကိုမြင်ခဲ့ရင်တောင်မသိချင်ယောင်ဆောင်ပေးပါ။

ငါခံနိုင်ရည်မရှိသေးလို့ပါ။

နောက်ဆုံးနင်သိထားဖို့က

ငါသေရင်တောင်နင်မငိုနဲ့တော့ဟာ။

ဒီဘဝအတွက်ငါကျေနပ်စွာချစ်ပြပြီးသားဆိုတာကိုယုံတယ်ဆိုရင်ပေါ့။

ချစ်သူအတွက်

 ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ

“ချစ်တယ်”ဆိုတဲ့


ချစ်တယ်”လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး . . .။
ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
သံသယဖြစ်နေကြတာလဲ . . .၊
“ယုံကြည်ပါ”လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့သားနဲ့ . .။

Tuesday, March 4, 2014

ခွင့်မပန်ပဲမသွားပါနဲ့

ခွင့်မပန်ပဲ မသွားပါနဲ့ အချစ်ရယ်
တစ်ညလုံး မင်းကိုစောင့်ကြည့်ခဲ့ရလို့
အခုတော့....ငါ့မျက်လုံးတွေဟာ
အိပ်ချင်စိတ်နဲ့လေးလံခဲ့ပေါ့။
မှေးမှိတ်... အိပ်ပျော်သွားတဲ့ အခိုက်မှာ
မင်းကို လက်လွတ် ဆုံးရှုံးသွား မှာကို
စိုးကြောက်မိပါရဲံ.။
ခွင့်မပန်ပဲ......မသွားပါနဲ့ .....အချစ်ရယ်
မင်းကို ထိတွေ့ဆုပ်ကို ထားမိဖို့
ငါ့လက်နဲ့ ထထိုင်စမ်းသပ်ခဲ့မိပေါ့။
"အဲဒါတွေဟာ အိမ်မက်တစ်ခုပဲလား"လို့
ကိုယ့်ဘာသာကိုယ်လည်း...ပြန်မေးခဲ့မိရဲ့။
မင်းရဲ့ခြေအစုံကို ငါ့နှလုံးသားနဲ့ရစ်ပတ်ပြီး
ရင်ထဲမှာ..ခိုင်မြဲစွာ
သိမ်းစည်းထားပါရစေ..ကွယ်
ခွင့်မပန်ပဲ......မသွားပါနဲ့ .....အချစ်ရယ်

သဇင်သဘော

အချက်အပြုတ်.........မောင့်  အလုပ်။
အပြေးအလွှား.........မောင်  ဈေးသွား။
အဖွတ်အလျှော်.....မောင်  ပဲနော်။
ကလေးထိန်းကျောင်း...မောင်ပဲကောင်း။
ကျောင်းကြိုကျောင်းပို့.....မောင့်အဖို့။
ထင်းမီးသွေးဝယ်......မောင်  ပဲကွယ်။
ဆန်ဆီရှာလဲ..မောင် ပါပဲ။
ဖျားနာပြုစု.....မောင်  ပဲကု။
သို့သော်....သို့သော်.............................?
အင်္ကျီဝယ်ချုပ်.......မောင်မဟုတ်။
လက်ဝတ်ရတနာ......သဇင်အတွက်ပါ။
ဆလင်းဘတ်အသစ်.........သဇင်အတွက်ဖြစ်။
ဗိုလ်ချုပ်ဈေးသွား...မောင်  မတား။
အလှပြင်ဆိုင်....သဇင်ပဲထိုင်။
သစ်ဆန်းအထည်....သဇင်ပဲဝယ်။
ဘာပဲပြောပြော.........သဇင်  သဘော
                             သဇင်သဘော......။

မဆုံးတဲ့ကဗျာ

တကယ်ဆို..ငါတို့နှစ်ယောက်ကြား
စကားလုံးတွေမလိုဘူးဆိုတာ
နင်သိနေခဲ့တာပဲလေ
အနားသတ်မရှိတဲ့လရောင်နဲ့
တခမ်းတနားကို ကဗျာဆန်ခဲ့တာ
ကြာခဲ့ပေါ့..ချစ်သူရေ.......
ကျေးလက်ဆန်တဲ့ဥယျာဉ်မှာမှ
ခိုးကြောင်ခိုးဝှက်ပွင့်ခဲ့ရရှာတဲ့ပန်းလေ
ကမ္ဘာဦးကတည်းက
ခူးယူ ပန်ဆင်ခဲ့ဖူးပါတယ်
အဲဒီညနေမှာပဲ

ချစ်သူကဗျာ

အစကတည်းက..........ဝေးကွာပြီးသားပါ.....
နှလုံးသားထဲမှာ..........မင်းပုံရိပ်ကိုထည့်ပြီး.....
မိုင်းထောင်ပေါင်းများစွားကို......တွန်းလှန်နေတဲ့ကောင်...
မြင်ယောင်နေကျ........မင်းရုပ်သွင်ကို...........
အသစ်လိုပြန်နွေးပြီး.......အလွမ်းနာကိုအံတုနေတဲ့ကောင်......
ကြားနေကျ.............မင်းအသံကို........
ပြန်ပြန်ကြားယောင်ပြီး....မနက်ဖြန်ဆိုတဲ့တောင်ကိုတက်မယ့်ကောင်.....
မင်းကြည့်လိုက်ပါ...............
ငါဆိုတဲ့ကောင်ရဲ့..........အလွမ်းတွေနောက်မှာ....
ဘယ်သူနဲ့မှမတူတဲ့......မျှော်လင့်ခြင်းတွေ...
အချစ်တွေ.....ပါပါလိမ့်မယ်....
ချစ်သူ.........
......အလွမ်းဆိုတဲ့အပ်နဲ့....တစ်ချက်ထိုးတာနဲ့တင်....
ငါ့နှလုံးသားဆွေ့ဆွေ့.....ခုန်နေတယ်....
သွေးစိမ်းရှင်ရှင်ကျမှ.......ရပ်မယ်ဆို....
အပ်နဲ့ထိုးမနေပါနဲ့တော့......
အဆက်ဖြတ်ခြင်းဓားနဲ့တခါတည်း....
အားကုန်ထိုးလိုက်ပါတော့.........

ချစ်သူ...
.........မင်းပျော်မယ်ဆိုရင်....နေ့တိုင်းနေ့တိုင်း...
ငါ့အလွမ်းတွေကို....မြေမကျခံယူပြီး...
မင်းဆီပို့ပေးပါမယ်...
မင်ကျေနပ်မယ်ဆို.......အိပ်မက်တွေကို....
အရည်ဖျော်ပြီး........မင်းသောက်ဖို့...
ကော်ဖီတစ်ခွက်လုပ်ပေးပါ့မယ်......
မင်းလိုချင်တယ်ဆို....ငါ့အချစ်ကို...
မင်းနင်းမယ့်.....လမ်းမှာဖြန့်ခင်းပေးပါမယ်......

Monday, March 3, 2014

ယုံကြည်ပါတယ် ကိုယ့်ဘေးနားလေး မရှိနေလဲ

Photo: ကိုယ့်ချစ်သူအတွက်မျှော်လင့်
ချက်တွေရှိတာပေါ့ တချိန်ချိန်မှာ
အတူတူနေသွားကြမယ်လို့...

ကိုယ့်ချစ်သူအတွက်ပေးဆပ်ချင်
တာပေါ့ အရာရာတိုင်းဟာသူ့
အတွက်ပဲလို့...

ကိုယ့်ချစ်သူအတွက်အမြဲအသင့်ရှိတာပေါ့ နားလည်မှုတွေနဲ့
ယုံကြည်မှုတွေ...

ကိုယ့်ချစ်သူအတွက်ရိုးသားရမှာ
သူ့နောက်ကွယ်မှာလဲသူမကြိုက်
တာတွေမလုပ်ဖို့ကို...

ကိုယ့်ချစ်သူအတွက်အမြဲဖြစ်ချင်
တာပေါ့...သူ့ရင်ထဲမှာကိုယ်သာ
လျှင်အမြဲထွန်းလင်းနိုင်တဲ့လူ
တစ်ယောက်အဖြစ်ပေါ့...




phoe phyu
ကိုယ့်ချစ်သူအတွက်မျှော်လင့်
ချက်တွေရှိတာပေါ့ တချိန်ချိန်မှာ
အတူတူနေသွားကြမယ်လို့...

ကိုယ့်ချစ်သူအတွက်ပေးဆပ်ချင်
တာပေါ့ အရာရာတိုင်းဟာသူ့
အတွက်ပဲလို့...

ကိုယ့်ချစ်သူအတွက်အမြဲအသင့်ရှိတာပေါ့ နားလည်မှုတွေနဲ့
ယုံကြည်မှုတွေ...

ကိုယ့်ချစ်သူအတွက်ရိုးသားရမှာ
သူ့နောက်ကွယ်မှာလဲသူမကြိုက်
တာတွေမလုပ်ဖို့ကို...

ကိုယ့်ချစ်သူအတွက်အမြဲဖြစ်ချင်
တာပေါ့...သူ့ရင်ထဲမှာကိုယ်သာ
လျှင်အမြဲထွန်းလင်းနိုင်တဲ့လူ
တစ်ယောက်အဖြစ်ပေါ့...

စိုးစိတ်

တစ်ကယ်တော့် အချစ်ဆိုတာ
ရိုလာကိုစတာ စီးရသလိုပါပဲလား

ဘယ်သူမှ အတင်းအကြပ်

မစီးစေပါပဲ

တက်စီးဖြစ်သလို

ပြုတ်မကျလောက်ပါဘူး

တွေးထားပေမယ့်လဲ

ကြောက်နေတတ်ပြန်ရော

ကိုယ်ကိုင်ထားတဲ့ လက်တန်း

ခိုင်ခံမှုကိုလဲ ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလေ

ဟုတ်ပါတယ်

အများနဲ့ မတူတဲ့ တစ်ယောက်သောသူ


အခုလိုချိန်လေးမှာ နင့်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆိုရင် ငါအရမ်းပျော်
နေမိမှာ သိလား ချစ်သူ

အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ငါတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ  နင့်ကို ငါ အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်

ဟိုးအဝေးကြီးမှာငါသိပ်ချစ်ရတဲ့ နင်လဲ ငါ့ကို 
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ငါ မျှော်လင့်နေပါတယ် ချစ်သူ  

ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို  ငါတို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေနဲ့ပေါ့

I Miss U So Much My <3  :'(  :'( :'(


Khin Myo Aye [ Poem ]
အခုလိုချိန်လေးမှာ နင့်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆ
ိုရင် ငါအရမ်းပျော်
နေမိမှာ သိလား ချစ်သူ

အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ငါတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ နင့်ကို ငါ အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်

ဟိုးအဝေးကြီးမှာငါသိပ်ချစ်ရတဲ့ နင်လဲ ငါ့ကို
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ငါ မျှော်လင့်နေပါတယ် ချစ်သူ

ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို ငါတို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေနဲ့ပေါ့

နင့်ဂရုစိုက်မှုတွေသာ ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ်

ချစ်သူ.......နင် ငါ့ဘ၀လေးထဲမှာရှိနေမယ်ဆို
ဘာမှမလိုအပ်ပါဘူး.......နင့် အချစ်တွေအားလုံးကိုသာ
ပိုင်ဆိုင်ရတဲ့သူ ငါတစ်ယောက်တည်း  ဖြစ်ချင်ပါတယ်

ချစ်သူ..... နင် ငါ့ကို အမြဲတမ်းချစ်နေပေးမယ်ဆို
ဘာမှမမျှော်လင့်ပါဘူး..... နင်လဲ ငါ့အချစ်တွေနဲ့ အမြဲထာဝရ
ပျော်ရွင်နေပါစေလို့ ပဲ ဆုတောင်းပါတယ်

ချစ်သူ..... နင် ငါ့ရဲ့ လက်ကိုတွဲထားမယ်ဆို
ငါ ဘာမှ မလိုချင်ပါဘူး.........နင့်ဂရုစိုက်မှုတွေသာ
ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ်

ချစ်သူ....နင်နဲ့ ဘ၀တစ်ခုကို တည်ဆောက်တော့မယ်ဆို
ဘာမှထပ်မလိုချင်တော့ပါဘူး....နင့် အချစ်တွေသာ ငါ့အပေါ်
အမြဲတမ်းသစ္စာရှိနေဖို့ အတွက်ပဲ ငါ မျှော်လင့်တာပါ
ချစ်သူရယ်.................