တစ်ခြားနယ်မြေမှာ......
ငွေခရေတွေ ကောက်လို့
စိတ်ကူးရာ ငါ့အိပ်မက်များဟာ
အနာဂတ် မျှော်လင့်ချက်ဖြစ်ခဲ့ပေါ့.....။
ကံတရားတွေ လှိုင်းထန်နေပေမယ့်
အိမ်ပြန်လမ်း မရောက်သေးတဲ့
ငါ့ အတွက်……………
လပြည့်ညလယ်မှာ ကြီးပြင်ဆဲ
ရင်ဖွင့် အလွမ်းများကို
ကမ္ဘာမြေရဲ့ ဟိုးတစ်ဖက်ခြမ်း
မွေးရပ်ဌာနကို. . .ခဏ ခဏ
ပြောပြချင်ခဲ့တယ်. . . . .။ ။
ဘဝတွေ မသေချာနိုင်ဘူး
မနက်ဖြန်တွေ မရေရာခဲ့သော
တွေးဝေရတဲ့ ငါ့စိတ်ဓာတ်များ
မကြာခဏ ပြိုလဲနေလည်း
အပြုံးနဲ့သာ နိုးထပါရစေ. . .
ရည်မှန်းချက်ရဲ့ လမ်းကြမ်း
ငါ့ ဖြတ်ကျော်ရအုံးမယ်လေ……။ ။
ရိုးသားခြင်းဟာ ငါ့ရဲ့စည်းစိမ်း
ဖြူစင်ခြင်းများ ငါ့ရဲ့သွေးသား
ဝဋ်ကြွေးရှိသမျှ ကြေအေးပေးပါကွယ် ။ ။
အပေးအယူတွေနဲ့. . . .
ရှင်သန်ရတဲ့ တို့ဘဝများ
ဘာကိုမှာ တွယ်တာစရာ မရှိပါ.....။ ။
အချိန်များ ကြာနှောင်း
လွမ်းနေရတဲ့ ဟိုတစ်ခါဆီက
ပျော်ရွှင်မှုတွေ စဉ်းစားရင်းနဲ့
အတွေးများ ဝေဝါးစွာ
အိမ်ပြန်လမ်းကလေးကို
ဆွေးဆွေးနေမိ
ငေးကာ ငိုင်ရင်း
ဒီနှလုံးသားထဲမှာ အိမ်အလွမ်းများ
ရက် လ နှစ်တို့ ရှည်လျားခဲ့ပြီးလေ……။ ။
ငွေခရေတွေ ကောက်လို့
စိတ်ကူးရာ ငါ့အိပ်မက်များဟာ
အနာဂတ် မျှော်လင့်ချက်ဖြစ်ခဲ့ပေါ့.....။
ကံတရားတွေ လှိုင်းထန်နေပေမယ့်
အိမ်ပြန်လမ်း မရောက်သေးတဲ့
ငါ့ အတွက်……………
လပြည့်ညလယ်မှာ ကြီးပြင်ဆဲ
ရင်ဖွင့် အလွမ်းများကို
ကမ္ဘာမြေရဲ့ ဟိုးတစ်ဖက်ခြမ်း
မွေးရပ်ဌာနကို. . .ခဏ ခဏ
ပြောပြချင်ခဲ့တယ်. . . . .။ ။
ဘဝတွေ မသေချာနိုင်ဘူး
မနက်ဖြန်တွေ မရေရာခဲ့သော
တွေးဝေရတဲ့ ငါ့စိတ်ဓာတ်များ
မကြာခဏ ပြိုလဲနေလည်း
အပြုံးနဲ့သာ နိုးထပါရစေ. . .
ရည်မှန်းချက်ရဲ့ လမ်းကြမ်း
ငါ့ ဖြတ်ကျော်ရအုံးမယ်လေ……။ ။
ရိုးသားခြင်းဟာ ငါ့ရဲ့စည်းစိမ်း
ဖြူစင်ခြင်းများ ငါ့ရဲ့သွေးသား
ဝဋ်ကြွေးရှိသမျှ ကြေအေးပေးပါကွယ် ။ ။
အပေးအယူတွေနဲ့. . . .
ရှင်သန်ရတဲ့ တို့ဘဝများ
ဘာကိုမှာ တွယ်တာစရာ မရှိပါ.....။ ။
အချိန်များ ကြာနှောင်း
လွမ်းနေရတဲ့ ဟိုတစ်ခါဆီက
ပျော်ရွှင်မှုတွေ စဉ်းစားရင်းနဲ့
အတွေးများ ဝေဝါးစွာ
အိမ်ပြန်လမ်းကလေးကို
ဆွေးဆွေးနေမိ
ငေးကာ ငိုင်ရင်း
ဒီနှလုံးသားထဲမှာ အိမ်အလွမ်းများ
ရက် လ နှစ်တို့ ရှည်လျားခဲ့ပြီးလေ……။ ။












feeling bored ကိုကို စောင့်နေပေါ့မယ်...

![အခုလိုချိန်လေးမှာ နင့်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆိုရင် ငါအရမ်းပျော်
နေမိမှာ သိလား ချစ်သူ
အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ငါတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ နင့်ကို ငါ အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်
ဟိုးအဝေးကြီးမှာငါသိပ်ချစ်ရတဲ့ နင်လဲ ငါ့ကို
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ငါ မျှော်လင့်နေပါတယ် ချစ်သူ
ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို ငါတို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေနဲ့ပေါ့
I Miss U So Much My <3 :'( :'( :'(
Khin Myo Aye [ Poem ]](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/s403x403/1474659_567364570002866_129769755_n.jpg)
