Friday, April 11, 2014

အိမ်ပြန်လမ်းရဲ့ လွမ်း



တစ်ခြားနယ်မြေမှာ......
ငွေခရေတွေ ကောက်လို့
စိတ်ကူးရာ ငါ့အိပ်မက်များဟာ
အနာဂတ် မျှော်လင့်ချက်ဖြစ်ခဲ့ပေါ့.....။
ကံတရားတွေ လှိုင်းထန်နေပေမယ့်
အိမ်ပြန်လမ်း မရောက်သေးတဲ့
ငါ့ အတွက်……………
လပြည့်ညလယ်မှာ ကြီးပြင်ဆဲ
ရင်ဖွင့် အလွမ်းများကို
ကမ္ဘာမြေရဲ့  ဟိုးတစ်ဖက်ခြမ်း
မွေးရပ်ဌာနကို. . .ခဏ ခဏ
ပြောပြချင်ခဲ့တယ်. . . . .။   ။
ဘဝတွေ မသေချာနိုင်ဘူး
မနက်ဖြန်တွေ မရေရာခဲ့သော
တွေးဝေရတဲ့ ငါ့စိတ်ဓာတ်များ
မကြာခဏ ပြိုလဲနေလည်း
အပြုံးနဲ့သာ နိုးထပါရစေ. . .
ရည်မှန်းချက်ရဲ့ လမ်းကြမ်း
ငါ့ ဖြတ်ကျော်ရအုံးမယ်လေ……။   ။
ရိုးသားခြင်းဟာ ငါ့ရဲ့စည်းစိမ်း
ဖြူစင်ခြင်းများ ငါ့ရဲ့သွေးသား
ဝဋ်ကြွေးရှိသမျှ ကြေအေးပေးပါကွယ် ။  ။
အပေးအယူတွေနဲ့. . . .
ရှင်သန်ရတဲ့ တို့ဘဝများ
ဘာကိုမှာ တွယ်တာစရာ မရှိပါ.....။  ။
အချိန်များ ကြာနှောင်း
လွမ်းနေရတဲ့  ဟိုတစ်ခါဆီက
ပျော်ရွှင်မှုတွေ စဉ်းစားရင်းနဲ့
အတွေးများ ဝေဝါးစွာ
အိမ်ပြန်လမ်းကလေးကို
ဆွေးဆွေးနေမိ
ငေးကာ ငိုင်ရင်း
ဒီနှလုံးသားထဲမှာ အိမ်အလွမ်းများ
ရက် လ နှစ်တို့ ရှည်လျားခဲ့ပြီးလေ……။  ။

♥ချစ်သူအတွက်…ဒီရင်ထဲက…ကဗျာ


ငါ့တို့ မတွေ့ဆုံတဲ့ နေ့ရက်မှာ
တိမ်တိုက်များ ဟာ
လရောင်လဲ့လဲ့ထဲ
ဖြတ်သန်းသွားကြတယ်……။    ။
မင်းလည်း ငါ့ဆီမရောက်ခဲ့
ငါ့လည်း မင်းဆီမလာဝံ့ခဲ့လို့ ဖြစ်မှာပါ
မြစ်ရေစီးသံတို့ ခြောက်သွေ့လွန်း
ဒီလို့ စဉ်းစားတွေးခေါ်ခဲ့ရ
ချစ်သူတို့ရဲ့ ကန္တရလွင်ပြင်
ဟိုးဝေးဝေးကို ငေးကြည့်လိုက်တိုင်း
ပေါင်းဆုံမယ့်လို့ ထင်ခဲ့ရတဲ့
ရထားသံလမ်းလေးတွေဟာ
ဘယ်တုန်းကမှာ မပေါင်းဆုံခဲ့ပါဘူး
သူရင်ဘတ် ကိုင်းကျွန်းလယ်ယာမြေမှာ
ရောင်စုံပန်းတို့ ပွင့်ဝေခဲ့ကြပေါ့…။    ။
ညနေရီ……………
ခရောင်ကောင်းကင်လမ်း
အိပ်တန်းပြန်ငှက် ပျံသန်းခဲ့ပုံ
ကျွန်တော် ကဗျာတစ်ပုဒ်ကို
သူ သတိမရနိုင်တော့ပါ……။     ။
တကယ်တမ်း တွေးတော့လည်း
သိသိသားသားလေး……
အလှမ်းဝေး နေဆဲပါပဲလေ………
မြက်ရိုင်းတောလေးဆိုပေ့မယ့်
မင်း အတွက်ဆိုရင်
ပန်းဥယျာဉ်လေးပဲ ဖြစ်ချင်နေခဲ့တာပါ…။  ။
ဆန္ဒတွေဟာ ဆန္ဒပါပဲ……
အချိန်ကာလတွေကသာ
အချစ်ကို ရူးမိုက်မှုအဖြစ်
တန်းဖိုးဖြတ်ခဲ့ပေါ့……။    ။
အဲဒီလို့နဲ့ပဲ……
မျှော်လင့်ချက်တွေဟာလည်း
ဒုက္ခိတ တစ်ယောက်လို့
ကိုယ်လက်အင်္ဂါ မစုံလင်ခဲ့ရရှာဘူး……။   ။
ချစ်သူအတွက် ဒီရင်ထဲက……
ကဗျာများကိုလည်း
သူ နှလုံးသားမှာ
သူစိမ်းဆန်ခဲ့တာ ကြာလှပေါ့……။    ။

အသည်းကွဲ ဇတ်


အသည်းကွဲဒဏ်ရာ ဆန်ဆန်
မျက်ရည်တွေဟာ
မင်းအမုန်းများကြောင့်
ကြိတ်မှိတ်ငိုခဲ့တဲ့ ငါ့
အချစ်စစ်တစ်ခု ဆုံးရှုံးသွားတယ်...။   ။
နေ့ရက်များ စိတ္တဇဆေးရုံမှာ
အနစ်နာခံလိုက်ရတဲ့ ငါ့အချစ်တစ်ခု
မင်း စွန်လွှတ်သွားကတည်းက
ငါ့ မဟူရာအိပ်မက်တွေ နိဂုံးချုပ်ခဲ့ပြီး...။
ဒီဝေဒနာများဟာ မရေမရာနဲ့
ချစ်ဦးသူမို့  ငါ့မကုစား
ဒီနှလုံးသားမှာ ပြင်းရှခဲ့ပေါ့...
နာကျင်ရတာတောင် မမေ့နိုင်သူ
မင်းအတွက်.........
ငါ့ကဗျာတွေ ရှင်သန်ခဲ့တယ်...။    ။
(ဒါပေမယ့်လည်း...)
မင်းနဲ့ငါ့ ပြန်မဆုံနိုင်မှန်းသိသား
ဒီပစ္စုပန်ရဲ့ မနက်ဖြန်များ
တဒင်္ဂ ချစ်သူခြေလှမ်းတွေ
ကျော့ခိုင်းလို့ ထွက်ခွာသွားတော့
တို့နှစ်ယောက် အချစ်ပုံပြင်မှာ
ကျန်ရစ်ခဲ့သူ ငါ့အရှုံး
ဒါ........အသည်းကွဲ ဇတ်.....။

အဆိပ်မဲ့ ဆူး



သူ့ဆူးမှာ...
အဆိပ်တော့ မဲ့ပါရဲ့
ဒါပေမယ့်...
ငါ့ကိုတော့ ခြစ်ရှခဲ့
အချစ်တွေကြောင်း ရှတခဲ့ပေါ့...။
ဆူးကလေးရေ...
ဟင်းလင်းပြင်လို့ ထင်ရပေမယ့်
င့ါ မော့ကြည့်လိုက်တိုင်း
င့ါအပေါ် ငုံကိုင်းနေတဲ့
ကောင်းကင်ကြီးတောင်မှာ
အရောင်အမျိုးမျိုး ပြောင်းတတ်သေးတာ ။
မျက်ခွံပေါ်က.......
ဆိုးဆေးတွေလား
မိုးတိမ်တွေလား

အလွမ်းရဲ့ ည


တစ်ညလုံး…………
သောကမျက်ရည်တွေပဲ စိုရွှဲနေရ
သိမ်းဆည်းပြီးသား အလွမ်းများရယ်...
ဒီမှာ ကောင်မလေး.....
ခရီးဆောင်အိတ် အပြည့်
ငွေ့ရည်ဖွဲ့လာတဲ့ ပင်လယ်
ငါ့ မျက်ဝန်းပေါ် လာနား
ငါ့ သွားပါရစေ....
အလွမ်းနဲ့ပဲ င့ါထွက်သွားပါရစေ...။
ဒီမှာကွဲ့……………
မနက်ဖြန်ကို မျှော်ကိုးတာ
င့ါတစ်ယောက်တည်း မဟုတ်ပေ့မယ့်
အရာရာ ပေးဆပ်ခဲ့တာ
မင်းတစ်ယောက်တည်း အတွက်ပါ.....။
အလွမ်းညရဲ့ နိဂုံးမှာ...
ငါ့မျက်ရည်များနဲ့ပဲ
ရုန်းကန်းဝုက်တတ်ပေါ့.....။
ငါ့ရဲ့ အချစ်တွေကတော့………
ထာဝရ ကြယ်စင်အဖြစ်
အမြဲတမ်း တောက်ပနေဆဲပါ...…
ကောင်မလေးရယ်………။           ။

သည်ရင်ထဲက မြတ်နိုးခွင့်


ဟေမာန်မြေလမ်း၌
မျှော်လင့်ခဲ့သမျှ တသသ
သည်ရင်ထဲမှာနွေ ရှည်လျားပြီး……။
ပန်းများဝေဆာ
ခူးဆွတ်ခဲ့သမျှ နမ်းရှိုက်
သည်ဘဝမှာ အမှတ်တမဲ့
နွမ်းလျလည်း စွန်ပစ်လိုက်ပါလေ……။
အိပ်မက်ပမာ...
စွဲလမ်းခဲ့သမျှ တောင်းတ
သည်လမိုက်ညမှာ ပျက်စီးသွားပြီး……။
ရင်ခုန်သံ တစ်ချို့ .....
ချစ်ခဲ့သမျှ အပြစ်မဖွဲ့
သည်တစ်သက်လုံး ရိုးမြေကျကျ
ချစ်နေပါဦးမည်……………။
ဘယ်လိုပင် ဖြစ်ဖြစ်...
ဘယ်အကြောင်းပဲ ရှိရှိ...
သည်သံသရာ တစ်လျှောက်လုံး
သူလေးကို မြတ်နိုးခွင့်ရချင်တယ်

နေရာဟောင်းက လွမ်း


ဂုဏ်ပကာသနာ…
အဆင့်အတန်း ခွဲခြားထားတာမို့
ကွယ်ရာမှာဘဲ တမ်းတလျက်
အချစ်များ ဆန်းကြယ်ခဲ့ပြီး……။
ငါ့ လိုရာအိပ်မက် မင်းဖျက်စီးပစ်
မင်း ရက်စက်လည်း
အမုန်းလို့တော့ မဆိုချင်
ကိုယ့်တစ်ယောက်တည်း ခံစားပါမယ်…။
မင်း ဆိုရာပြောလိုက်……
မုန်းမယ့် မေ့မယ့်ဆိုလည်း
ဒီမှာ ဝေဒနာဖြစ်ရုံသာ
ကိုယ့် ဝမ်းမနည်း
အချစ်ဆုံးမို့ အရူးဖြစ်ခဲ့ပေါ့……။
မျှော်ရာ လမ်းကလေးမှာ
ြုကင်နာသူဟာ ပြန်မလာတော့
ဆွေးလျက်သာ မျက်ရည်များနဲ့
နေရာဟောင်းက လွမ်း……